ဥရောပမှာ လာလီဂါအသင်းတွေ ကပ်ဆိုက်ချိန်လား (Sports Feature)

0 Просмотры
Издатель
ဥရောပမှာ လာလီဂါအသင်းတွေ ကပ်ဆိုက်ချိန်လား (Sports Feature)

အက်သလက်တီကိုက အင်္ဂလန်ထိပ်သီး ချယ်လ်ဆီးအသင်းကို အိမ်ကွင်းရင်ဆိုင်ရမှာဖြစ်ပေမဲ့ ကိုရိုနာ စည်းမျဉ်းတွေကြောင့် ကြားကွင်းမှာကစားရမယ့်အခြေအနေက စိုးရိမ်စရာဖြစ်စေပြီး အုပ်စုကနေ ရုန်းကန်တက်လာရတဲ့ ရီးယဲလ်မက်ဒရစ်ကလည်း အတ္တလန်တာနဲ့အဝေးကွင်းရင်ဆိုင် ရမှာဖြစ်လို့ မခက်ခဲလွန်းဘူးဆိုရင်တောင် ပေါ့လျော့လို့မရတာ တော့သေချာပါတယ်။ လက်ရှိအချိန်မှာတော့ စပိန်ကလပ်မပါ တဲ့ ကွာတားဖိုင်နယ်မဖြစ်ရေးအတွက် မက်ဒရစ်နှစ်အသင်းရဲ့ ရလဒ်က ပိုပြီးအခရာကျလာဖို့ရှိနေပြီး၊ ဘာစီလိုနာနဲ့ ဆီဗီလာတို့ ရဲ့ဖိအားလမ်းအတိုင်းလိုက်မလား၊ စပိန်တေးသွားတွေ မဆိတ် သုဉ်းသေးဘူးဆိုတာကို နိုင်ပွဲတွေနဲ့ သက်သေပြမလား။ သေချာ တာကတော့ စပိန်ကလပ်အသင်းတွေ ချန်ပီယံလိဂ်ဇာတ်ခုံပေါ် မှာ ပြန်လည်ခမ်းနားစွာဖျော်ဖြေနိုင်ဖို့ လိုအပ်နေပြီဆိုတာပါပဲ။

Zawgyi


Категория
Семейные
Комментариев нет.